မခ်ရဂ်ျ

makhraj

လမြတ် ရဂျဗ်











လမြတ် ရဂျဗ်နှင့် မိအ်ရာဂ်ျညမြတ်မိအ်ရာဂ်ျ

မိအ်ရာဂ်ျ

Mairaj_Mlv_maksud

လမြတ် ရဂျဗ်နှင့် မိအ်ရာဂ်ျညမြတ်

Rajab n Mairaj Mlv AQadar

မသေခင် ဘာလုပ်သင့်လဲ

မသေခင် ဘာလုပ်သင့်လဲ

ဖြစ်ရပ်မှန်နှင့် ပညာပေး ပုံပြင်များ

ဖြစ်ရပ်မှန်နှင့် ပညာပေး ပုံပြင်များ

သားသမီးကောင်းဖြစ်လိုသော်

သားသမီးကောင်းဖြစ်လိုသော်

တက္ကလိဒ်သည် ဖရာဇ်

တက္ကလိဒ်သည် ဖရာဇ်

သဟဂ်ျဂျွဒ် နမာဇ်

သဟဂ်ျဂျွဒ် နမာဇ်

တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်နှင့် ခေတ်သိပ္ပံ (ပ-တွဲ)

တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်နှင့် ခေတ်သိပ္ပံ (ပ-တွဲ)

လျှို့ဝှက်ရတနာသိုက်

လျှို့ဝှက်ရတနာသိုက်

မွတ်စ်သနဒ် ရူဟာနီ ဆေးနည်းပေါင်း ၁၄၀

မွတ်စ်သနဒ် ရူဟာနီ ဆေးနည်းပေါင်း ၁၄၀

ပျားရည်၏ ထူးခြားသည့် အာနိသင်များ

ပျားရည်၏ ထူးခြားသည့် အာနိသင်များ

အံ့ဘွယ် ဟမ်ဇားဒ်

အံ့ဘွယ် ဟမ်ဇားဒ်

မန်ဇိလ် ဒိုအာအေအနပ်စ်နှင့် ဒိုအာအေကအဖ်

မန်ဇိလ် ဒိုအာအေအနပ်စ်နှင့် ဒိုအာအေကအဖ်

ရောဂါတိုင်းအတွက် ကြက်သွန်ဖြူ၏ စွမ်းဆောင်ချက်

Kyat Thon Phyu (Garlic) - Reduced

ဂျန္နသီ အမျိုးသမီးများ

ဂျန္နသီ အမျိုးသမီးများ

စွန္နသ်တော်နှင့်အညီ အစ္စသိခါရဟ်ပြုနည်း

Isthaykhara - Reduced

ဟဇ်ရသ်ဗာယဇီးဒ်ဘွစ်သွာမီ ပါဒရီ အံ့ခန်းမေးမြန်းခန်း

ဟဇ်ရသ်ဗာယဇီးဒ်ဘွစ်သွာမီ ပါဒရီ အံ့ခန်းမေးမြန်းခန်း

ထူးကဲမြင့်မြတ်သောညများနှင့် နဖလ်နမာဇ်များ

Holy Nights & Nafil Namaazs - Reduced

ကုရ်အာန် ဒိုအာ ကုထုံးများ

Cure With Holy Quran Duas - Reduced

ရန်ကုန်ရှိ တက္ကသိုလ်ပေါင်းစုံ မွတ်စ္စလင်မ်ကျောင်းသား ကျောင်းသူများ မိတ်ဆုံပျော်ပွဲစား (picnic)ခရီး ၁၉၉၃




ရင်းနှီးပျော်ရွင် မိတ်ဆုံခရီးစဉ်။ ။ ရန်ကုန်စက်မှုတက္ကသိုလ် မွတ်စ္စလင်မ်မိသားစုက ဦးစီးသော ရန်ကုန်ရှိ တက္ကသိုလ်ပေါင်းစုံ မွတ်စ္စလင်မ် ကျောင်းသား ကျောင်းသူများသည် ၁၉၉၃ခုနှစ် ဧပြီလ ၃ရက် စနေနေ့နံနက်ပိုင်းတွင် အောက်ပါ စုရပ်အသီးသီးမှ လှော်ကားဥယျာဉ် သို့ မိတ်ဆုံပျော်ပွဲစားခရီး ရင်းနှီးစွာထွက်ခွာ လာခဲ့ကြပါသည်။
စုရပ်။ ။ ဧပြီလ ၃ရက် နံနက်(၆)နာရီတွင် (ဆူးလေ)ဘင်္ဂါလီဗလီရှေ့၊ ရန်ကုန်တက္ကသိုလ် မာလာဆေင်၊ သဇင်ဆောင်၊ အားကစားရုံ၊ ရန်ကုန်စက်မှုတက္ကသိုလ် ဒူးယားဆောင်နှင့် အခြားသတ်မှတ်ထားသော နေရာများတွင် တာဝန်ခံ ပုဂ္ဂိုလ်များက ကြိုဆို၍ ခရီးစတင်ခဲ့သည်။ ၄င်းခရီးစဉ်တွင် တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပောါင်း(၃၀ဝ)ကျော်မျှ ပါဝင်ကြသည်။


ပါမောက္ခ၏ ဩဝါဒစကား။ ။ လှော်ကားဥယျာဉ် သို့ရောက်ရှိစခန်းချပြီးကျောင်းသား ကျောင်းသူများသည် ပါမောက္ခ၏ ဩဝါဒစကားကို နာခံရန် အတွက် မြက်ခင်းပြင်တစ်ခုတွင် အသီးသီးနေရာယူကြရာ ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ် ကျောင်းသား စာရေးဆရာ မော်လဝီ မြင့်လွင် (ကျုံဒိုး)က ကွရ်အာန်ကျမ်းလာ တမန်တော်ယူစွဖ်ကဏ္ဍပါ အာယသ်တော်များကို ဖတ်ရွတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးပါသည်။ ဆက်လက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ဓာတုအင်ဂျင်နီယာဠာနမှုး ပါမောက္ခ ဒေါ်တာခင်မောင်ဝင်းက ဩဝါဒစကား ပြောကြားပါသည်။ အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ပေါင်းစုံမှ ပျော်ပွဲစားထွက်လာကြသော မွတ်စ္စလင်မ်ညီအစ်ကို မောင်နှမများနှင့် ဆရာ ဆရာမများ တစ်ဦးကို တစ်ဦးက ချစ်ကြည်ရင်းနှီးစွာ မိတ်ဖွဲ့ကြပါသည်။
ဇဟိုရ်ဆွလာသ် ဝတ်ပြုမှု။ ။ ထိုနေ့မွန်းလွဲချိန်တွင် ကျရောက်သော ဇဟိုရ်ဆွလာသ် ဝတ်ပြုချိန်တွင် ဝတ်ပြုရန် တာဝန်ရှိသူ မွတ်စ္စလင်မ် ညီအစ်ကို မောင်နှမများသည် လှော်ကားဥယျာဉ် မြက်ခင်းပြင်တစ်ခုတွင် မော်လဝီ မြင့်လွင် ကဦးဆောင်၍ ဝတ်ပြုကြသည်။
အမှတ်တရ။ ။ မိတ်ဆုံပျော်ပွဲစားခရီး ထွက်ခွာလာကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာဖြင့် အမှတ်တရ ပစ္စည်းများလဲလှယ်ခြင်း၊ စကားဖလှယ်ခြင်း၊ စားသောက်ဖွယ်ရာ စုံလင်စွာကို လက်ရေတစ်ပြင်စည်း ရင်းနှီး ခင်မင်စွာ အတူတကွ စားသောက်ကြပြီး၊ ပျှော်ရွင် ကြည်နူးစွာ မိမိတို့အားသန်ရာ ကစားခုန်စားများဖြင့် အေးချမ်း မြူးတူးစွာဖြင့် မွန်းလွဲ ညနေချမ်းအချိန်သို့ တိုင်ခဲ့ပါသည်။
ခရီးစဉ် ပျှော်ရွင်စွာသိမ်း။ ။ နေ့လယ် မွန်းလွဲ နေဝင်ချိန်သို့ ယိမ်းလာခဲ့သော ညနေချမ်း(၄)နာရီခန့် အချိန်တွင် အသီးသီး ပြန်ချိန်တန်ပြီဖြစ်၍ တစ်နေ့တာတွေ့ဆုံမှု ခရီးနိဂုံးချုပ်ခါနီးတွင် စလာမ် မေတ္တာ တုံ့လှယ် နှုတ်ခွန်းဆက်သကြ၍ ဝမ်းသာဝမ်းနည်းဖြင့် နောက်နှစ်ခါတွင်လည်း ဤကဲ့သို့ ကြည်နူး ပျှော်ရွင် ခရီးစဉ်တွင် ပြန်လည်တွေ့ဆုံကြမြတ်ရှင် အလ္လာဟ်ထံ ဆုမွန်ဒိုအာ တောင်းခံရင်းဖြင့် လှော်ကားဥယျာဉ်မှ စုရပ်အသီးသီးတိုသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။ ။

၁၉၉၃ခုနှစ်၊ မေလထုတ် ]အစ္စလာမ့်မျက်ဝန်းစာစောင်}ပါ တက္ကသိုလ်ခင်လွမ်း (ရန်ကုန်တက္ကသိုလ်)၏ ဆောင်းပါးအား ကိုကို(ရန်ကုန်ကွန် ပျူတက္ကသိုလ်)က ပြန်လည်ကူးယူဖော်ပြသည်။

စားသောက်မှုဆိုင်ရာ အခြေခံသဘောတရားများ

သန့်ပြန်သော စားသောက်ဖွယ်ရာများကို ရိုးသားသောနည်းဖြင့် ရှာဖွေစားသုံးရမည်။ အကြောင်းမှာ မသမာ သောနည်းဖြင့်ရရှိသော စားသောက် ဖွယ် ရာသည် စိတ်နှလုံးသားကို မိုက်မှောင်စေ၍ ခက် ထန်မာကျောစေ ၏။ ဟရာမ်နည်းဖြင့် ရှာဖွေစားသုံးသူသည် ဂျန္နသ်သို့ဝင်ရ မည်မဟုတ်။ ဟရာမ် နည်းဖြင့် ရှာဖွေစားသုံးလျှင် ပြုသမျှ အိဗာဒသ်ကို အလ္လာဟ်အရှင်မြတ်လက်ခံ မည်မဟုတ်ပေ။ ဆွဟာဗဟ်တို့သည် သံသယရှိသော အစာ ကိုစားမိလျှင် ချက် ချင်း လက်ထိုး၍ အန်ပစ်ကြသည်။

ရှရီအသ်တရားတော်က သတ်မှတ်ပြဌာန်းထားသော နည်းစနစ်ဖြင့်သာ ရှာဖွေစားသောက် ကြရမည်။ တားမြစ် ပိတ်ပင်ထားသော နည်းလမ်းဖြင့် ရှာဖွေမစားသုံးရပေ။ ဥပမာ -ငှက်ပျောသီးသည် ဟလာလ်ရိုဇီရိက္ခာ ဖြစ် သော်လည်းခိုးယူ၍ စားသုံးခြင်းသည် ဟရာမ်ဖြစ်၏။ ထိုနည်းတူ ရှာဖွေရာတွင် လိမ်လည်ပြီး မရှာရ။ ရှရီအသ် တရားတော် အနေဖြင့် စားသုံးအပ်သော အ ရာ၊ မစား အပ် သော အရာ၊ ပြုပိုင်သော အရာ၊ မပြုအပ်သော အရာတို့ကို ခွဲခြား ပြသထားသည်။ ဥပမာ (ဇဗဟ်) လည် လှီးဖြတ်ခြင်း မပြုဘဲ အလိုအလျောက် သေသော တိရစ္ဆာန်များ၊ တိရစ္ဆာန်၏သွေး စသည်တို့ မစားရဟုတားမြစ် ထား၏။ တရားတော်မှ တားမြစ်ထားခြင်းသည် အကြောင်းမဲ့မဟုတ်၊ ထိုအရာများကို စားသုံးခြင်း ဖြင့် စရိုက်ဆိုး အကျင့်ဆိုးများ ရောဂါဆိုးများ လူတို့ထံ မရောက်စေလို၍ ဖြစ်၏။

အလ္လာဟ်အရှင်မြတ်မှအပ အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ အမည်ဖြင့် တင်ထားသော အစားအသောက်များ၊ အခြားတစ်ဦးဦး၏ နှစ်မြို့မှုရရှိစေရန် တင်ထားသော အစားအသောက်များ သည်လည်း စားမပိုင်ချေ။ ထိုနည်း တူ လူကိုဘေးဥပါဒ် ဖြစ်စေ၍ အသက်အန္တရာယ်ဖြစ်စေသော ဘိန်း၊ ဆေးခြောက်၊ အရက် စသည်တို့ကို သုံးစွဲ ခွင့်မရှိပေ။ အရက်ကို အခြားအမည်တပ်၍ သောက်သော်လည်း ဟရာမ်ဖြစ်၏။






____________________________
မော်လာနာ ဟာရူးန် လူလာသ် (မဟ်မူဒီ)

လက်ဆစ်ချိုးခြင်း

နမာဇ်ဝတ်ပြုနေစဉ်ဖြစ်စေ၊ နမာဇ်၏ပြင်ပတွင်ဖြစ်စေ၊ မိမိ၏ လက်ချောင်းများကို ချိုးခြင်းသည် မက္ကရူဟ်ဖြစ် ကြောင်း ဂျအ်မီအာရ် ရူမော့စ်ကျမ်းတွင်လာရှိ၏။ ရှရီအသ်၏ ပညတ်ချက်ဟူသမျှသည် ဥာဏ်ပညာ အမြော် အမြင်ရှိပြီး၊ အမိန့်တော်မှန်သမျှနှင့် တားမြစ်မှုများသည် လူသားတို့၏အ ကျိုးကိုသာရည်ရွယ်သည်။ ဤ လက် ချောင်းများကို ချိုးခြင်းနှင့် စပ်လျဉ်း၍ ရှရီအသ်၏ အမြောအမြင်ကို လူအများသိရှိ သဘော ပေါက်စေရန် အောက် ပါ သတင်းတစ်ရပ်က လုံလောက်ပေသည်။


ဘဲလ်ဖတ်စ်ရှိ ရေဒီယိုဓါတ်ရောင်ခြည်ဖြင့် ကုသပေးသော ပညာရှင်အဖွဲ့၏ အဆိုအရ လက်ချောင်းများကို ချိုးခြင်း သည် ကျန်းမာရေးကို ထိခိုက်ကြောင်း သိရသည်။

အိပ်က်ဇ်ရေး ဓါတ်ရောင်ခြည်ကို လေ့လာ ဆည်းပူးနေ ကြသော ဘဲလ်ဖတ်စ်ြမို့ရှိ မူ့စ်ကရေ့ဖ်ဆေးရုံကြီးမှ
ပညာရှင်များက ဤသို့ဆိုသည်။ မိမိတို့၏ လက်ချောင်း များကို ချိုးတတ်လေ့ရှိသူတို့သည် မိမိတို့၏ အဆစ် အ ပိုင်းများကို ပြင်းပြင်းထန်ထန် သက်တမ်း ကြာမြင့်သည် အထိ ပျက်စီးယိုယွင်းအောင် အရဲစွန့်လုပ်ကိုင်နေ ခြင်း ဖြစ်ကြောင်း အဆစ်ရောင်ရောဂါဝေဒနာနှင့် အမြဲတွဲဖက် ဆက်စပ်နေသော အခြေအနေအရပ်ရပ်ကို ခံစားနိုင် ကြောင်းဖော်ပြထားသည်။

လက်ဆစ်များ ချိုးလိုက်သဖြင့် ကျွတ်ခနဲ မြည်သောအသံသည် အဆစ်အိမ်အတွင်း ရုတ်တရက် ဖိအား ကျဆင်း မှုကြောင့် ဖြစ်ပေါ်ကြောင်း၊ အဆစ်ကို ဝန်းရံထားသော အရည်ပြစ်ပါအမြှုပ်တစ်ခုကို ပွင့် ထွက်စေကြောင်း ဓါတ် ရောင်ခြည်ပညာရှင်များက ဆိုသည်ကို အိုင်းရစ် နိုင်ငံဆေးပညာစာစောင်တွင် ဖော်ပြထားပေသည်။
____________________
ဟာဖိဇ် အဗ်ဒွရ်ရဟ်မာန်
(Ref: Islamic Voice)

ကင်ဆာရောဂါဘေးမှ ကာကွယ်ပေးသည့် "ပရ်ဒဟ်"

အီမာန်ရှင် အမျိုးသမီးများအား အရှက်အိနြေ္ဒလုံခြုံစွာ ထိန်းသိမ်းရန်(သို့) ဗုရ်ကအ်ဝတ်ဆင်မှုကျင့်သုံးရန် ရှရီအသ် တရားတော်က ပညတ်ထားပါသည်။ (ဟေဂျာဘ်) ကာအိနြေ္ဒလုံခြုံသော ဝတ် စားဆင်ယင်မှုတွင် အကျိုးတရားများပြားလှကြောင်း တရားတော်က ဖော်ညွှန်းအသိပေးထားပြီးဖြစ်သည်။ ဤသည့်ကျင့်သုံးမှု၏ အလွန် အရေးပါသော အကျိုးထူးတစ်ရပ်ကို ခေတ်မီဆရာဝန်ကြီးများကပင် သုတေသနပြုဖော်ထုတ်လာကြသည်။

စအူဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့၊နေရှင်နယ်ဂရ်ဒ်ဆေးရုံရှိ ကင်ဆာ ရောဂါသုတေသီများဌာန(Oncology Department) မှ ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၏ လေ့လာသုတေသနပြုချက်အရ လုံခြုံသည့် ဝတ်စားဆင်ယင်မှု အမြဲဝတ်ဆင်ထားသော အမျိုးသမီးများတွင် အရေပြား၊ ပါးစပ်နှင့် လည်ချောင်း ကင်ဆာဖြစ်ပွားမှုနှုန်း လွန်စွာ နည်းပါးကြောင်း နိုင်ငံထုတ်သတင်းစာတွင် ရေးသားဖော်ပြခဲ့၏။

ကင်ဆာရောဂါဆိုင်ရာ အထူးအရာရှိ ဒေါက်တာ ကမလ်မ လာကရ် ၏အဆိုအရ(၃)နှစ်တိုင်လေ့လာ သုတေသနပြု မှတ်တမ်းတင်ခဲ့ ရာ ရီယာဒ်၊ ဂျစ်ဒါနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ အမျိုးသမီးများ သည် အရေပြား၊ ပါးစပ်နှင့်လည်ချောင်းကင်ဆာဖြစ်ပွားမှုကြောင့် ဆေး ရုံသို့ ရောက်ရှိလာရသူ အလွန်နည်းပါးကြောင်း၊ ဤသို့ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာလည်း အစ္စလာမ့်လမ်းညွှန်ချက်ဖြစ်သော ကာအိနြေ္ဒလုံခြုံသည့် အဝတ်အစား (ပရ်ဒဟ်)ကို လိုက်နာကျင့်သုံး ဝတ်ဆင် သောကြောင့်ဖြစ်သည်ဟူ၏။

ကုရ်အာန် အာယသ်တော်များ

(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထား ရမည် ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိ တို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍ လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကိုကောင်း စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၂၄း၃၀)

(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများ ကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သော မိမိတို့၏အလှမှ တစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့ သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များ အပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ် မိမိတို့၏ဖခင်များ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ ဖခင်များ၊ သို့မဟုတ် မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ သားများ၊ သို့မဟုတ် မိမိတို့၏အစ်ကိုများ၊ မောင်များ၏သား များ၊ သို့မဟုတ် မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်း မဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သော မိန်းမများ (၀ါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျား များအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ ၀ှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ၀န်ချတောင်းပန်ကြလေကုန်။ (ကုရ်အာန် ၂၄း၃၁)
___________________
ီDr. ဟာဖိဇ် မုဟမ္မဒ် ယူစွဖ်

ကုရ်အာန် တစ်အာယသ် ရှင်းလင်းချက် (စူရဟ် ၃၄၊ အာယသ် ၁၃)

Untitled

www.quraninburmese.com နှင့် စပ်လျဉ်း၍ . .

မုဖီဒုလ်မုစ်လိမီးန်

Mufedul Muslimeen PDF

အိမာမ်ကြီးလေးပါးအား သက္ကလီးဒ်ပြုခြင်း

အိမာမ်ကြီးလေးပါးအား သက္ကလီးဒ်ပြုခြင်း

ကတ်စ်ဒွတ်စ်စဗီးလ်

Kasdus Sabeel

ကျွန်းကလေး ဂျိုင်ရ် ၂၀၀၉ - ရန်ကုန်

၀၁။ မော်လာနာ အဗ်ဒွရ်ကာဒရ် - နံနက်ပိုင်း - (၂၅.၁.၂၀ဝ၉)
ဝ၂။ မော်လဝီ ယာစင် - ဖဂျရ်ပြီး- (၂၆.၁.၂၀ဝ၉)
ဝ၃။ မော်လာနာ အဗ်ဒွရ်ကာဒရ် -နံနက်ပိုင်း -သအ်လင်မ်အာဒဗ်-(၂၆.၁.၂၀ဝ၉)
ဝ၄။ ဟာဂျီ လေယာကသ်-နံနက်ပိုင်း -သအ်လင်မ်အာဒဗ်-(၂၆.၁.၂၀ဝ၉)
ဝ၅။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ်(၂၆.၁.၂၀ဝ၉)A
ဝ၆။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ် (၂၆.၁.၂၀ဝ၉)B
ဝ၇။ ဘိုင်နအီမွဒ်ဒီန်(ပါကစ္စတန်)၊အဆွရ်ပြီး၊ မော်လဝီ အဗ်ဒွလ်ဝါဟိဒ် (၂၆.၁.၂၀ဝ၉)
ဝ၈။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊မဂ်ရိဗ်ပြီး၊ မော်လဝီယါစင်(၂၆.၁.ဝ၉)A
ဝ၉။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊မဂ်ရိဗ်ပြီး၊ မော်လဝီယါစင်(၂၆.၁.ဝ၉)B
၁၀။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊ဖဂျရ်ပြီး၊ မော်လဝီယါစင်(၂၇.၁.၂၀ဝ၉)
၁၁။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ်(၂၇.၁.၂၀ဝ၉)
၁၂။ ဘိုင် (ပါကစ္စတန်)၊အဆွရ်ပြီး၊ မော်လဝီ အဗ်ဒွလ်ဝါဟိဒ် (၂၇.၁.၂၀ဝ၉)
၁၃။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်၊မဂ်ရိဗ်ပြီး-ဒိုအာ၊ မော်လဝီယါစင်(၂၇.၁.၂၀ဝ၉)
၁၄။ မော်လာနာဖဟီမ် ၊ ဖဂျရ်ပြီး-မရ်ကဇ် ၊ ဟာဖိဇ် အဗ်ဒွလ်ဟဖီးဇ် (၂၈.၁.၂၀ဝ၉)

ကျမ်းတော်မြတ် ကုရ်အာန်





နမာဇ် အချိန်ဇယား

စင်ကာပူနိုင်ငံ

လန်ဒန်, ယူကေ

ရန်ကုန်မြို့တော်



မန္တလေးမြို့

ဂိုင်းရ်မုကလ္လိဒ် ဆိုသည်မှာ

ဂိုင်းရ်မုကလ္လိဒ် ဆိုသည်မှာ

အိမာမ်ကြီး အဘူဟနီဖဟ်

Eimarm Abu Hanifah အိမာမ်ကြီး အဘူဟနီဖဟ်

ဖဟ်ဒ်ဘုရင် ကုရ်အာန်ကျမ်းမြတ် ပုံနိုပ်တိုက်မှ ထုတ်ဝေသော ကုရ်အာန် မြန်မာပြန်

ကုရ်အာန် ကျမ်းမြတ် မြန်မာပြန် (ပထမတွဲ)


ကုရ်အာန် ကျမ်းမြတ် မြန်မာပြန် (ဒုတိယတွဲ)

သေလာဝသ်သေ ကုရ်အာန်

Listen to Quran

တမန်တော်မြတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

ဆွဖရ်လအတွင်းဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် သမိုင်းဝင် ပုဂ္ဂိုလ်များ၏ အမှတ်တရ မှတ်တမ်း