သန့်ပြန်သော စားသောက်ဖွယ်ရာများကို ရိုးသားသောနည်းဖြင့် ရှာဖွေစားသုံးရမည်။ အကြောင်းမှာ မသမာ သောနည်းဖြင့်ရရှိသော စားသောက် ဖွယ် ရာသည် စိတ်နှလုံးသားကို မိုက်မှောင်စေ၍ ခက် ထန်မာကျောစေ ၏။ ဟရာမ်နည်းဖြင့် ရှာဖွေစားသုံးသူသည် ဂျန္နသ်သို့ဝင်ရ မည်မဟုတ်။ ဟရာမ် နည်းဖြင့် ရှာဖွေစားသုံးလျှင် ပြုသမျှ အိဗာဒသ်ကို အလ္လာဟ်အရှင်မြတ်လက်ခံ မည်မဟုတ်ပေ။ ဆွဟာဗဟ်တို့သည် သံသယရှိသော အစာ ကိုစားမိလျှင် ချက် ချင်း လက်ထိုး၍ အန်ပစ်ကြသည်။

အလ္လာဟ်အရှင်မြတ်မှအပ အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ အမည်ဖြင့် တင်ထားသော အစားအသောက်များ၊ အခြားတစ်ဦးဦး၏ နှစ်မြို့မှုရရှိစေရန် တင်ထားသော အစားအသောက်များ သည်လည်း စားမပိုင်ချေ။ ထိုနည်း တူ လူကိုဘေးဥပါဒ် ဖြစ်စေ၍ အသက်အန္တရာယ်ဖြစ်စေသော ဘိန်း၊ ဆေးခြောက်၊ အရက် စသည်တို့ကို သုံးစွဲ ခွင့်မရှိပေ။ အရက်ကို အခြားအမည်တပ်၍ သောက်သော်လည်း ဟရာမ်ဖြစ်၏။


0 comments:
Post a Comment