လက်ဆစ်ချိုးခြင်း

နမာဇ်ဝတ်ပြုနေစဉ်ဖြစ်စေ၊ နမာဇ်၏ပြင်ပတွင်ဖြစ်စေ၊ မိမိ၏ လက်ချောင်းများကို ချိုးခြင်းသည် မက္ကရူဟ်ဖြစ် ကြောင်း ဂျအ်မီအာရ် ရူမော့စ်ကျမ်းတွင်လာရှိ၏။ ရှရီအသ်၏ ပညတ်ချက်ဟူသမျှသည် ဥာဏ်ပညာ အမြော် အမြင်ရှိပြီး၊ အမိန့်တော်မှန်သမျှနှင့် တားမြစ်မှုများသည် လူသားတို့၏အ ကျိုးကိုသာရည်ရွယ်သည်။ ဤ လက် ချောင်းများကို ချိုးခြင်းနှင့် စပ်လျဉ်း၍ ရှရီအသ်၏ အမြောအမြင်ကို လူအများသိရှိ သဘော ပေါက်စေရန် အောက် ပါ သတင်းတစ်ရပ်က လုံလောက်ပေသည်။


ဘဲလ်ဖတ်စ်ရှိ ရေဒီယိုဓါတ်ရောင်ခြည်ဖြင့် ကုသပေးသော ပညာရှင်အဖွဲ့၏ အဆိုအရ လက်ချောင်းများကို ချိုးခြင်း သည် ကျန်းမာရေးကို ထိခိုက်ကြောင်း သိရသည်။

အိပ်က်ဇ်ရေး ဓါတ်ရောင်ခြည်ကို လေ့လာ ဆည်းပူးနေ ကြသော ဘဲလ်ဖတ်စ်ြမို့ရှိ မူ့စ်ကရေ့ဖ်ဆေးရုံကြီးမှ
ပညာရှင်များက ဤသို့ဆိုသည်။ မိမိတို့၏ လက်ချောင်း များကို ချိုးတတ်လေ့ရှိသူတို့သည် မိမိတို့၏ အဆစ် အ ပိုင်းများကို ပြင်းပြင်းထန်ထန် သက်တမ်း ကြာမြင့်သည် အထိ ပျက်စီးယိုယွင်းအောင် အရဲစွန့်လုပ်ကိုင်နေ ခြင်း ဖြစ်ကြောင်း အဆစ်ရောင်ရောဂါဝေဒနာနှင့် အမြဲတွဲဖက် ဆက်စပ်နေသော အခြေအနေအရပ်ရပ်ကို ခံစားနိုင် ကြောင်းဖော်ပြထားသည်။

လက်ဆစ်များ ချိုးလိုက်သဖြင့် ကျွတ်ခနဲ မြည်သောအသံသည် အဆစ်အိမ်အတွင်း ရုတ်တရက် ဖိအား ကျဆင်း မှုကြောင့် ဖြစ်ပေါ်ကြောင်း၊ အဆစ်ကို ဝန်းရံထားသော အရည်ပြစ်ပါအမြှုပ်တစ်ခုကို ပွင့် ထွက်စေကြောင်း ဓါတ် ရောင်ခြည်ပညာရှင်များက ဆိုသည်ကို အိုင်းရစ် နိုင်ငံဆေးပညာစာစောင်တွင် ဖော်ပြထားပေသည်။
____________________
ဟာဖိဇ် အဗ်ဒွရ်ရဟ်မာန်
(Ref: Islamic Voice)

1 comments:

Unknown said...

အပ်စလာမိုအလိုင်းကွမ်း-
ညီအစ်ကိုများခင်ဗျား-ဤဘလော့ဂ်လေးသည်
မာရှာအလ္လာဟ်အင်မတန်ကောင်းပါသည်။
ကျွန်တော့်နာမည်မိုဟာမက်ဘီလားလ်း(ခ)
နိုင်ဦးဖြစ်ပါတယ်။ကျွန်တော့်ကလောင်နာ
မည်ကနိုင်ဦး-၁၁၉ပါ။ကျွန်တော်တို့ ဆိုက်က
www.myanmarfitness.com ပါ။ခင်ဗျားတို့ 
ကြိုးစားတင်ဆက်မှုသည်အင်မတန်ကောင်း
ပါသည်။အလ္လာဟ်အရှင်မြတ်ခင်ဗျားတို့ 
ကိုဆွဒကဟ်ဂျာရိယာဟ်ဆ၀ါဗ်ကိုအပြည့်
အ၀ချီးမြှင့်ပြီးနှစ်ဘ၀နှစ်ဌာနအောင်မြင်မှု
များချီးမြှင့်တော်မူပါစေ။ အာမီန်း။